Monday, January 25, 2016

အပျိုစင်ဘဝ ထိန်းသိမ်းနိုင်သူများကို ပညာသင်ဆုချီးမြှင့်



အထက်တန်းကျောင်း တက်ရောက်ခဲ့ချိန် ကာလတလျှောက် အပျိုစင်ဘ၀ကို ထိန်းသိမ်းလာခဲ့တဲ့ ဆယ်ကျော်သက် အပျိုစင် ၁၆ ဦးကို တောင်အာဖရိက မြို့တော်ဝန်က ပညာသင်ဆု ချီးမြှင့်လိုက်တယ်လို့ မြို့တော်ဝန်ရုံးက ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြို့တော်ဝန် ဒူဒူမာဇီဘူကိုဟာ နှစ်သစ်မှာ ဆန်းသစ်တဲ့ စိတ်ကူးတခုခု လုပ်ချင်ခဲ့တာဖြစ်ပြီး ခရိုင်တွင်း အပျိုစင်ဘ၀ကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အမျိုးသမီးငယ်တွေကို ပညာသင်ဆု ပေးအပ်ခဲ့တာလို့ ယူပီအိုင်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီပညာသင်ဆု အစီအစဉ်ဟာ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှု တိုက်ဖျက်ရေးနဲ့ အမျိုးသမီးငယ်တွေအနေနဲ့ သန့်စင်စွာ ပညာဆက်လက် သင်ယူနိုင်လာစေရေးကို တွန်းအားပေးချင်တာဖြစ်တယ်လို့ မြို့တော်ဝန်ရုံးက ပြောပါတယ်။ ၂၀၁၃ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ ဆယ်ကျော်သက် မိန်းကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းနီးပါးဟာ ကိုယ်ဝန်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီပညာသင်ဆု လျှောက်ထားတဲ့ အမျိုးသမီးငယ်တွေဟာ သူတို့ရဲ့ အပျိုစင်ဘ၀ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းကို အဆင့်ဆင့် စစ်ဆေးဖို့ သဘောတူညီကြရတာ ဖြစ်ပါတယ်။ မာဇီဘူကိုက တောင်အာဖရိက ရေဒီယိုအစီအစဉ်မှာ “ကျနော်တို့အနေနဲ့ ခင်ဗျားတို့ အပျိုစင်ဘ၀ကို နောက်သုံးနှစ်တာကာလ ဘွဲ့မရခင်ထိ ကိုယ်တိုင်ထိန်းထားနိုင်ကြဖို့ မျှော်လင့်ရင်း ကျေးဇူးတင်စကား ပြောချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ တောင်အာဖရိကမြို့တော်ဝန်ရုံး အနေနဲ့ ခရိုင်တွင်း ထူးချွန်ကျောင်းသားတွေကို နှစ်စဉ် ပညာသင်ဆု ၁၀၀ ပေးအပ်နေတာဖြစ်ပြီး ခုပေးအပ်တဲ့ အစီအစဉ်ကတော့ ဒီနှစ်မှ စတင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ 
DVB

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.