Monday, January 25, 2016

မွေးရာပါ သားအိမ်မပါတဲ့အမျိုးသမီး



ဓမ္မတာ မလာတဲ့ အတွက် ကျွန်မက ကံကောင်းတယ်လို့ လူတွေက ပြောကြတယ် ။ဒါပေမဲ့ အဲ့ဒါက ဘယ်လိုအရာမျိုးလဲဆိုတာ ကျွန်မကြုံဖူးချင်တယ် .....    

Jem Irwin ဆိုတဲ့ မိန်းကလေး တစ်ယောက်က အသက် ၁၅ နှစ်အရွယ်အထိ ရာသီသွေး မလာတာကြောင့်  ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး MRI ရိုက်ကြည့်တဲ့ အခါမှ သားအိမ်မပါလာဘူး ဆိုတာ သိခဲ့ရပါတယ်။ Jen က မိန်းကလေး ၅၀၀၀ မှာ ၁ ယောက်ဖြစ်လေ့ရှိတဲ့ Mayer-Rokitansky-Küster-Hauser syndrome( MRKH ) လို့ခေါ်တဲ့ ပုံမှန် မဟုတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ဒီရောဂါက မွေးရာပါ သားအိမ် နှင့် မွေးလမ်းကြောင်း မူမမှန်တဲ့ ရောဂါဖြစ်ပါတယ် ။ အသက် ၃၃ နှစ်ရှိနေပြီ ဖြစ်တဲ့ Jen က ဒီရောဂါက သူ့ရဲ့ ဆယ်ကျော်သက်ဘ၀အပေါ်ဘယ်လို သက်ရောက်ခဲ့သလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။

ကျွန်မ ဆယ်ကျော်သက်ဘ၀မှာ အတန်းထဲက မိန်းကလေး သူငယ်ချင်းတွေက ဓမ္မတာကြောင့် ဗိုက်အောင့်လို့ ၊ခါးကိုက်လို့ ကျောင်းမတက်နိုင်ဘူးလို့ပြောကြတဲ့ အခါ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မလည်း ဒီလိုတွေ ခံစားရတယ်လို့ လိမ်ခဲ့ဘူးတယ်။ Jen က ခင်ပွန်းဖြစ်သူ Jason နဲ့ အသက် ၂၀ အရွယ်မှာ တွေ့ခဲ့ပြီး ၅ နှစ်အကြာမှာ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ MRKH ရောဂါက တခြားစုံတွဲတွေအတွက် ပြဿနာကြီး တစ်ခုဖြစ်နိုင်ပေမဲ့ သူတို့စုံတွဲ အတွက်တော့ အနှောင့်အယှက် တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။

ကျွန်မ တစ်ခါက ထားခဲ့တဲ့ ရည်းစားကောင်လေး တစ်ယောက်ကို ကျွန်မရဲ့ရောဂါအကြောင်းပြောပြီး နောက်တစ်နေ့မှာပဲ လမ်းခွဲခဲ့ရပါတယ်။ ကျွန်မကိုယ်ကျွန်မ အားငယ်ခဲ့ရပါတယ်။ ကျွန်မခင်ပွန်းနဲ့ တွေ့တဲ့အခါမှာတော့ ကျွန်မ ချက်ချင်းအသိပေးခဲ့ပေမယ့် သူက နောက်မဆုတ်ခဲ့ပါဘူး။ တချို့ MRKH ဝေဒနာရှင်တွေက မွေးလမ်းကြောင်းမပါတာ။ တချို့က Jen လိုမွေးလမ်းကြောင်း တိုတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်းတိုတဲ့ အမျိုးသမီးတွေက သားအိမ်လမ်းကြောင်းကို ဆွဲဆန့်နိုင်တဲ့ ပလတ်စတစ် ကိရိယာလေးတွေ အသုံးပြုကြပါတယ် ။”ကျွန်မကတော့ ဒီကိရိယာတွေ အသုံးမပြုပါဘူး ။ယောက်ျားဖြစ်သူနဲ့ အတူနေတဲ့အခါ တစ်ခါတစ်ရံ အဆင်မပြေမှု အနည်းငယ် ရှိတာကလွဲလို့ နာကျင်မှု မရှိပါဘူး “လို့  Jen ပြောပါတယ် ။

MKRH ရောဂါရှင်တွေက ရာသီသွေးမလာသလို ကိုယ်ဝန်လည်း မဆောင်နိုင်တဲ့ အတွက် သူတို့ရဲ့ မျိုးဥတွေကို ဖန်ပြွန်သန္ဓေသားနည်းနဲ့  အငှားကိုယ်ဝန်ဆောင်ခိုင်းလို့ပဲ ရနိုင်ပါတယ် ။ဒါပေမဲ့ ဒီနည်းက အာမခံငွေ ရရှိဖို့ တာဝန်မခံနိုင်တဲ့အတွက် ကလေးမွေးစားခြင်းက အကောင်းဆုံး နည်းတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှာ Cleveland Clinic က နောက်လအနည်းငယ်အတွင်းမှာ သားအိမ်အစားထိုးပြီး ကိုယ်ဝန်ဆောင်နိုင်တော့ မှာ ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းထူးတစ်ခုကို ကြော်ငြာခဲ့ပါတယ် ။    

“ကျွန်မ ကိုယ်ဝန်ဆောင်နိုင်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေမယ့် MRKH ဝေဒနာရှင်တွေ အတွက် မျှော်လင့်ချက်တွေ အကောင်အထည် ဖော်နိုင်တော့မှာတွေးပြီး စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ် “လို့ Jen ကပြောခဲ့ပါတယ်။

Source : Trend Myanmar

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.