Monday, January 25, 2016

ကျားနှင့်မ လစာငွေ ကွာဟချက် များလွန်းပါက အမျိုးသမီးများသည် စိတ်ကျနိုင်ခြေနှင့် စိတ်ပူပန်နိုင်ခြေ ပိုများ




ကျားနှင့်မ လစာငွေ ကွာဟချက် များလွန်းပါက အမျိုးသမီးများသည် စိတ်ကျနိုင်ခြေနှင့် စိတ်ပူပန်နိုင်ခြေ ပိုများကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

ပညာလည်းတူ၊ အတွေ့အကြုံလည်း တူသော်လည်း အမျိုးသားများလောက် လစာမရရှိသည့် အမျိုးသမီးများသည် အမျိုးသားများထက် စိတ်ကျနိုင်ခြေ နှစ်ဆခွဲပိုများကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။ စိတ်ကျမှုကို ခန္ဓာကိုယ်ရှိ ဇီဝဖြစ်စဉ်များနှင့် များစွာပတ်သက်သည်ဟု ယခင်က ယူဆခဲ့ကြသော်လည်း စိတ်ကျမှုသည် လူမှုရေးသက်ရောက်မှုများကြောင့်လည်း ဖြစ်နိုင်ကြောင်း ယခုတွေ့ရှိပါပြီဟု ကိုလမ်ဘီယာ တက္ကသိုလ်မှ ရောဂါဗေဒ ပါမောက္ခ ဒေါက်တာ ကက်သရင်း ကီးစ်က ပြောဆိုခဲ့သည်။

အသက် (၃၀ မှ ၃၅) နှစ်ကြား အမေရိကန် နိုင်ငံသား အရွယ်ရောက်ပြီးသူ (၂၂၅၈၁) ဦးအား သုတေသန ပြုချက်များ အပေါ် မူတည်ပြီး လေ့လာခဲ့ခြင်း ဖြစ်သည်။ အမျိုးသားများအား အမျိုးသားများနှင့် တူညီသော အလုပ်အကိုင်၊ ရာထူးရာခံကို လုပ်ကိုင်ခွင့် ပေးသော်လည်း လစာမှာမူ တန်းတူ မပေးထားပါက  ယင်းအမျိုးသမီးများ အတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုးကျိုးများ ရှိလာခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများသည် အမျိုးသမီးများအား လိင်အပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်း မပြုရဟု ဥပဒေပြဋ္ဌာန်းပြီး ကာကွယ် ပေးထားသော်လည်း လူသိထင်ရှား မရှိသည့် ခွဲခြားမှုများမှာမူ ကျန်ရှိနေဆဲ ဖြစ်ကြောင်း သုတေသန ပညာရှင်များက ဆိုသည်။

ယင်းခွဲခြားမှုများတွင် အမျိုးသမီးများ လုပ်ကိုင်ရသည့် အလုပ်အကိုင်များ၏ အခွင့်အလမ်းရရှိမှု၊ ယင်းအလုပ်အကိုင်များ အပေါ် တန်ဖိုးထားမှုတို့ ပါဝင်သည်။ အကျိုးဆက်အဖြစ် အမျိုးသမီးများသည် ၄င်းတို့၏ လုပ်ဆောင်နိုင်စွမ်း အပေါ် ယုံကြည်ချက် နည်းလာကာ စိုးရိမ်စိတ်ဝင်ပြီး စိတ်ကျလာတတ်ကြောင်း သုတေသန ပညာရှင်များက ကောက်ချက်ချသည်။

Source : The Messenger

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.