တွားသွား သတ္တ၀ါ တစ်ကောင် အမှတ် နဲ့ မိခင်ကို ခေါင်းဖြတ် ခဲ့သူ
အမျိုးသား တစ်ဦး က သူ့ မိခင်ဖြစ်သူ ကို တွားသွား သတ္တဝါ တစ်ကောင်လို့ မှတ်ယူ ထား တာကြောင့် ခေါင်းဖြတ် ခဲ့ကြောင်း တရားသူကြီးမှ သိရပါတယ်။
James Dunleavy ဆိုသူက သူမိခင် Philomena ကို ခေါင်းဖြတ် သတ်ပြီး မြေတိမ် တိမ်လေးမြုပ်ကာ ပစ်သွား ခဲ့ပါတယ်။
အသက် ၆၆ နှစ် ရှိပြီဖြစ် တဲ့ သူ့ မိခင် ရဲ့ လက် နဲ့ ခြေထောက်တွေ ကို ခုတ်ဖြတ် ခဲ့ကြောင်း ဂျူရီလူကြီး အဖွဲ့ သိရှိတဲ့ အခါ Dunleavy အသက် ၄၁ နှစ် ကို ထောင်ဒဏ် (၉) နှစ်ချမှတ် ခဲ့ပါတယ်။
Dunleavy ဟာ မိခင်ဖြစ် သူ လူ စစ်စစ် ဟုတ် မဟုတ် ခန္ဓာကိုယ် အတွင်းပိုင်း ကို ကြည့်ချင်မြင်ချင် တဲ့ စိတ် ကြမ်း စိတ်ရိုင်း ဝင်နေသော စိတ္တဇဝေဒနာရှင် တစ်ဦးဖြစ်ကြောင်း တရားရုံးက သိရှိခဲ့ပါတယ်။
သူ့မှာ လူသတ်ပြစ်မှု မရှိပေမယ့် လူသတ် တဲ့ပြစ်မှု အမှားကြီး ရှိနေကြောင်း ဂျူရီလူကြီး အဖွဲ့တွေ့ရှိခဲ့တယ်။
“ မိခင် ကို တွားသွား သတ္တ၀ါ တစ်ကောင် လို့ ယုံကြည် ထားပြီး ဒီ အချက် ကို စစ်ဆေး သိရှိဖို့ အတွက် တစ်ခု တည်းသော နည်းလမ်း က သူမ ရဲ့ ခန္ဓာကိုယ် ခွဲကြည့် ဖို့သာဖြစ်ကြောင်း ထင်မှတ်နေသူဖြစ်တယ်” လို့ အတိုင်ပင်ခံ စိတ်ရောဂါ အထူးကု ဆရာဝန် Khuram Khan က တရားရုံး ကို ပြောပြ ခဲ့ပါတယ်။
သေချာ စိစစ်မှုတွေ ပြုလုပ်ပြီး တဲ့နောက် မှာတော့ ရိုးရိုးထောင်သား ဘ၀နဲ့ သူ့ အပြစ်ဒဏ်တွေ ကို ပေး ဆပ်သွားမှာဖြစ်ပါတယ်။
Victor on 2015-01-16 14:29 Ref: Metro

0 comments:
Post a Comment