မြန်မာနိုင်ငံ၏ တွင်း ထွက်သယံဇာတ တူးဖော်ရေးလုပ် ငန်းများတွင် လုပ်ကိုင်နေသောမြန်မာ့စီးပွားရေးဦးပိုင်လီမိတက် သည် နိုင်ငံတော်သို့ အနှစ် ၂၀ကျော် အခွန်ပေးဆောင်ခဲ့ခြင်းမရှိ ဟုဆို
မြန်မာနိုင်ငံ၏ တွင်း ထွက်သယံဇာတ တူးဖော်ရေးလုပ် ငန်းများတွင် လုပ်ကိုင်နေသောမြန်မာ့စီးပွားရေးဦးပိုင်လီမိတက် သည် နိုင်ငံတော်သို့ အနှစ် ၂၀ကျော် အခွန်ပေးဆောင်ခဲ့ခြင်းမရှိ ကြောင်း သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့ဝင် အရပ်ဘက်လူမှုအဖွဲ့အ စည်းကိုယ်စားလှယ်များက သ တင်းထုတ်ပြန်သည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက်သည် ၂၀၁၃-၁၄ အထိ နိုင်ငံတော်သို့ သယံဇာတတူးဖော်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အ ခွန်ပေးဆောင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ ၂၀ ရက်က ဆန်းမစ်ပါ့ခ် ဗြူးဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် EITI အစီရင်ခံစာရေးဆွဲရာ၌ ပါဝင် သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
‘‘ဦးပိုင်က ကုမ္ပဏီတစ်ခုဖြစ် တဲ့အတွက် သုံးပွင့်ဆိုင်အဖွဲ့က လည်း စာရင်းစစ်ခဲ့ပါတယ်။ စာ ရင်းစစ်တဲ့အထဲမှာ နိုင်ငံတော်ကို ၂၀၁၃-၁၄ အထိ ဦးပိုင်က အခွန်ပေးခဲ့ခြင်းမရှိပါဘူး။ ဦးပိုင်ကို အစိုးရက အခွန်ကင်းလွတ်ခွင့်ပေးထားတယ်လို့ သိရပါတယ်’’ ဟု သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သော EITI အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ပြောသည်။
သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ တွင်ပါဝင်သော အရပ်ဘက်လူမှု ဖွံ့ဖြိုးတိုးတက်ရေးကိုယ်စားလှယ် များသည် သမ္မတ ဦးသိန်းစိန်အကောင်အထည်ဖော်နေသည့် EITI လုပ်ငန်းစဉ်၌ ပါဝင်သော သူ များဖြစ်သည်။ အဆိုပါအဖွဲ့ဝင် များသည် တွင်းထွက်သယံဇာတ ထုတ်လုပ်မှုမှ ရရှိသည့် ဝင်ငွေ ထွက်ငွေများ စစ်ဆေးရာတွင် ပါ ဝင်သူများလည်း ဖြစ်သည်။
သုံးပွင့်ဆိုင်အဖွဲ့တွင် ပါဝင် သော အရပ်ဘက်ကိုယ်စားလှယ် များက တပ်မတော်ပိုင် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်လုပ်ကိုင်နေ သော သတ္တုတွင်းလုပ်ငန်းများ၊ ကျောက်မျက်တူးဖော်ရေး လုပ် ငန်းများနှင့် ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းများကို လေ့လာစစ် ဆေးခဲ့ခြင်းဖြစ်သည်ဟု သုံးပွင့် ဆိုင်ညွန့်ပေါင်း အဖွဲ့ဝင် အရပ် ဘက်လူမှုအဖွဲ့အစည်းကိုယ်စား လှယ်များအဖွဲ့က ဆိုသည်။
‘‘အခွန်ကင်းလွတ်ခွင့်ပေး ထားတယ်လို့ပဲ သိရပါတယ်။ ဘယ်အခွန်က ကင်းလွတ်ခွင့်ရ တယ်ဆိုတာ တိတိပပ အစိုးရ ဘက်က မပြောဘူး’’ ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စား လှယ် ဦးရဲသိမ်းဦးက ပြောကြားသည်။
တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ် ကုမ္ပဏီများကို နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး ၎င်း၏လုပ်ငန်းများနှင့်ပတ်သက် ၍ အများပြည်သူသိရှိအောင် ပွင့် လင်းမြင်သာစွာ ချပြန်ရန် သုံးပွင့် ဆိုင်ညွန့်ပေါင်း အဖွဲ့ဝင် အရပ် ဘက် လူမှုအဖွဲ့အစည်းများက တိုက်တွန်းခဲ့သည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက်က ရရှိလာသည့် ငွေကြေးများဖြင့် တပ်မတော်သားများနှင့် ၎င်းကိုမှီခိုနေသည့် ဇနီးသားသမီးများ သက်သာချောင်ချိရေး၊ စစ်မှုထမ်းဟောင်းများနှင့် ၎င်း၏ဇနီးသားသမီးများ သက်သာချောင်ချိရေး၊ ပြည်သူလူထုသက်သာချောင်ချိရေးနှင့် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ဖွဲ့စည်းခဲ့သည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ကုမ္ပဏီ၏ ရည်ရွယ်ချက်ကို ထုတ်ပြန်ထားသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက်အကြီးအကဲနှင့် ဒါရိုက်တာ အဖွဲ့ကို တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များနှင့်ဖွဲ့စည်းထား ပြီး အစုရှယ်အရေအတွက် သန်း နှင့်ချီ၍ ရှိသည်ဟု သတင်းရရှိ သည်။
သို့သော် ယခုနောက်ပိုင်း မြန်မာ့စီးပွားရေးဦးပိုင်နှင့် MEC တို့မှာ နိုင်ငံတော်သို့ သတ်မှတ် အခွန်ဆောင်နေပြီဖြစ်ကြောင်း တပ်မတော်နှင့် အစိုးရမှ တာဝန်ရှိသူများက ပြောကြားသည်။
Ref -7day news
Ref -7day news
0 comments:
Post a Comment