Saturday, January 23, 2016

မျက်နှာဖုံးစွပ်လူတစ်ဦးက ဓါးဖြင့်ထောက်၍ သားအမိနှစ်ဦးအား အလိုမတူ သားမယားပြုကျင့်



စစ်ကိုင်းတိုင်းဒေသကြီး ဗန်း မောက်မြို့နယ် ကျွဲကောကြီး ကျေး ရွာနှင့်လေးမိုင်ခန့်အကွာ ကျောက်မဲ တောင် တောင်ပေါ်ကျောင်းသို့သွား ရာ တောလမ်းတစ်နေရာတွင် ယခု လ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက အမျိုးသားတစ်ဦးက သားအမိနှစ်ဦး ကိုဓားဖြင့်ခြိမ်းခြောက်၍ သမီးဖြစ် သူအား အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယခုလ ၁၉ရက် မွန်းလွဲ ၁ နာရီခွဲက ဗန်းမောက်မြို့ မြို့မရပ်ကွက်နေ မိခင်ဖြစ်သူ ဒေါ် ---နှင့် သမီးဖြစ်သူ မ---တို့ နှစ်ဦးသည် နေအိမ်မှ ကျွဲကောကြီး ကျေးရွာနှင့် လေးမိုင်ခန့်ကွာဝေး သော ကျောက်မဲတောင် တောင် ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုများဖြင့် သွားရောက် ခဲ့စဉ် ဗန်းမောက်မြို့နယ် ကျွဲကော ကြီးအုပ်စု တောင်ချောင်းပေါက် ကျေးရွာနေ ဝင်းဇော် (၁၉နှစ်)(ဘ) ဦးစောင်သည် မျက်နှာတွင်အဝတ် စည်းကာ ဓားပြခြိမ်းခြောက်ခေါ် ဆောင်လာစဉ် သမီးဖြစ်သူမ---အားအလိုမတူဘဲ အဓမ္မပြုကျင့် ခဲ့ပြီး ၄င်းတို့နှစ်ဦးကိုပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ ထို့နောက် ၄င်းတို့နှစ်ဦးက ဗန်းမောက်မြို့ မြို့မ ရဲစခန်းသို့ အရေးယူပေးရန် လာ ရောက်တိုင်ကြားခဲ့သဖြင့် စခန်းမှူး ဒုရဲမှူး ခင်မောင်ဝင်း၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်မင်းကိုလွင်နှင့် တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ ဝင်းဇော်အား အချိန်မီသွားရောက် ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုခဲ့သောသက်သေခံ ပစ္စည်းအထောက်အထားများကို သိမ်းဆည်းပြီး ရဲလုပ်ငန်းဆောင် ရွက်ချက်များပြုလုပ်ခဲ့သည်။

အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ် သက်ပြီး ပြစ်မှုကျူးလွန်သူကို ဗန်း မောက်မြို့ မြို့မရဲစခန်းက ပအမှတ် ၁၁/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အရေးယူနိုင်ခဲ့ပြီး အမှုစစ် ရဲအုပ် မင်းကိုလွင်က ဆက်လက်စစ်ဆေး ကာ တရားစွဲဆို တင်ပို့နိုင်ရေး အတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ကလုန်း
The Union Daily

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.