Thursday, January 21, 2016

မိန်းမပီသကြောင်းပြသဖို့ရင်သားထဲမှာ ဘော့ပင်ညှပ်တာပြိုင်တဲ့တရုတ်နိုင်ငံ



ဒီတစ်ခါပြိုင်ပွဲကတော့ Ice Bucket Chanllengeလို ရေခဲရေလောင်းတဲ့ ပြိုင်ပွဲထက်ပိုဆိုးတဲ့ ပြိုင်ပွဲပါ။ တရုတ်
နိုင်ငံကSocial Mediaတွေပေါ်မှာ အမျိုးသမီးတွေဟာ ဘယ်သူကဘယ်သူ့ထက် မိန်းမပီသကြောင်းပြဖို့ ရင်သား
အောက်မှာ ဘော့ပင်တစ်ချောင်းကို ညှပ်ထားနိုင်တဲ့ပုံတွေကို တင်နေကြပါတယ်။
ဒီပြိုင်ပွဲက တစ်ယောက်နဲ့တစ်ယောက် ဘယ်သူကမိန်းမပီသကြောင်း ပြိုင်ကြတာမျိုးဖြစ်ပါတယ်။ ယောင်္ကျားလေး
တွေအတွက်ဆိုရင် Six Packထွက်တာ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်နေသလိုပါပဲ။ ပြိုင်ပွဲကတော့ ရိုးရှင်းပါ
တယ်။ အင်္ကျီကိုလှန် ဘော့ပင်ကိုရင်သားနဲ့ညှပ်ပြီး ထိန်းက Selfieရိုက်ပြီး Social Media ပေါ်တင်ရတာပါ။ ဒါမှ
မိန်းမ ပီသတယ်လို့ ဆိုပါတယ်ဒီလိုလုပ်နေကြတာ အခုနောက်ပိုင်း ပိုများလာတယ်လို့လည်း သိရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြိုင်
လုပ်ကြရင်း တစ်ချို့ကလည်း ဘော့ပင်ထက်ပိုကြီးတဲ့ မိတ်ကပ် ဘရပ်ရှ်တို့၊ ပုလင်းတို့ကိုပါ ညှပ်လာကြပါတယ်။

ဒီပြိုင်ပွဲဟာ အ၇င်တုန်းက တစ်ခါနာမည်ကြီးဖူးတဲ့ #holdacokewithyourboob ဆိုတဲ့ပြိုင်ပွဲနဲ့ဆင်ပါတယ်။ အဲ့
ဒိတုန်းကတော့ ရင်သားကင်ဆာအတွက် အသိပေးပြိုင်ပွဲအနေနဲ့ ကိုကာကိုလာဘူးကို ၇င်သားကြားမှာ ညှပ်တာ
ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်ဓာတ်ပုံအများအပြားဟာ တရုတ် Social Mediaမှာ ပြန့်နှံနေပြီး တစ်ယောက်နဲ့ တစ်ယောက်စိန်ခေါ်တဲ့ပုံစံမျိုးတွေ
လည်း ပြုလုပ်လာကြပါတယ်။ “မင်းဟာ မိန်းမပီသတယ်ထင်ရင် ဒီစိန်ခေါ်မှုကို လက်ခံပါ” ဆိုတဲ့ စာသားမျိုးတွေ
နဲ့ ပုံတွေက ရှဲနေကြတာလည်း ဖြစ်ပါတယ်ဒီပြိုင်ပွဲကြောင့် တရုတ်ဘလော့တစ်ခုဖြစ်တဲ့ Sina Weiboမှာလူတွေ သဘောထားကွဲလွဲပြီး ငြင်းခုန်နေကြပါတယ်။
အချို့သူတွေက ဒီပြိုင်ပွဲကြောင့် ရင်သားသေးတဲ့ မိန်းကလေးတွေ စိတ်ဓာတ်ကျမှာကို စိုးရိမ်နေကြပါတယ်။

မျိုးရိုး
ဗီဇအရ ရင်သားကြီးတဲ့သူတွေက အနိုင်ရနိုင်တဲ့ ပွဲမျိုးဖြစ်ပြီး ဒါဟာ မတရားဘူးလို့လည်း ဆိုပါတယ်။
ရင်သား၂ခုလုံးကို ရင်သားကင်ဆာကြောင့် ဖယ်ထုတ်ထားရတဲ့ Anime Fletcher ဆိုတဲ့ အမျိုးသမီးကတော့ ဒီပြိုင်
ပွဲကို သူမရဲ့ရင်သားပုံကို တွစ်တာပေါ်တင်ပြီး ဝေဖန်လိုက်ပါတယ်။ “အချို့သူတွေက အရမ်းကိုရူးကြောင်လွန်းပါတယ်။
သူတို့ရဲ့ခန္ဓာကိုယ်အွန်လိုင်းပေါ်ရောက်ဖို့ ဆိုဘာမဆိုလုပ်ချင်နေကြပါတယ်။ တကယ်မိန်းမစစ်မစ်ဆိုတာက ခန္ဓာကိုယ်
ပုံစံနဲ့ ဘာမှ မဆိုင်ပါဘူး။ အတွင်းစိတ်နဲ့ပဲ ဆိုင်ပါတယ်လို့”ဝေဖန်ခဲ့ပါတယ်။
  Credit-Myanmar Online Media
   Source: mirror

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.