သန္ဓေတားဆေးပြားကြောင့် ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ဦး သေဆုံး
သန္ဓေတားဆေးပြားကြောင့် အင်္ဂလန်ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါ မိန်းကလေးဟာ မိသားစုအားလပ်ရပ်ကို ပြန်လာစဉ်မှာပဲ သန္ဓေတားဆေးရဲ့ ဘေးထွက်ဆိုးကျိုး
ကြောင့် သွေးတွေခဲပြီး သေဆုံးသွားတယ်လို့ သေမှုသေခင်းစစ်ချက်အရ သိရပါတယ်။
အသက်(16)နှစ်အရွယ်သာ ရှိသေးတဲ့ Murray အမည်ရှိ မိန်းမပျိုလေးဟာ ဆရာဝန်က သန္ဓေတားဆေး
8 လအထိသောက်ရမယ်လို့ ညွှန်ကြားထားတာကြောင့် Gran Canaria ကနေ အိမ်ကိုပြန်လာခဲ့ချိန်ဖြစ်
တဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အဆိုပါသန္ဓေတားဆေးကို သုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေ
မယ့် လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာတော့ သူမဟာ အသက်ရှုမ၀ခြင်း၊ ရင်ဘတ်အောင့်ခြင်းများ ဖြစ်ခဲ့ပြီး
အစကနဦးပိုင်းတုန်းက မိန်းမပျိုလေးမှာ ပန်းနာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပေမယ့် နောက်ပိုင်းမှာ
တော့ သန္ဓေတားဆေးရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။
Murray ရဲ့အမေက “သမီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ(8)ရက်ကတည်းက ဒီ သန္ဓေတားဆေးကို
သုံးခဲ့ရတာပါ … ဒါပေမယ့် ဒီအတောအတွင်းမှာ ရုတ်တရက်ဖျားနာတာ၊ နှုပ်ခမ်းတွေ ပြာတာတွေ ခဏ
ခဏဖြစ်ခဲ့ပါတယ် … အခုလည်း ဆေးရုံကို အပြေးအဖြန်းသွားခဲ့ပေမယ့် အသက်မမီတော့ပါဘူး ”ဟု
ပြန်လည် ဖွင့်ဟခဲ့ပါတယ်။ ဒေါက်တာ Richard Prescott ကလည်း ပဋိသန္ဓေတားဆေးကြောင့်
သွေးကြောမကြီးတစ်ခုလုံး ပိတ်စို့ကာ လည်ပတ်မှုရပ်ဆိုင်းခဲ့ပြီး နှလုံးသွေးကြောကိုလည်း အကြီး
အကျယ်ထိခိုက်စေလို့ အသက်သေဆုံးခဲ့တာလို့ ကောက်ချက်ချခဲ့ပါတယ်မိန်းမပျိုလေးကို သေဆုံးစေခဲ့တဲ့ ဆေးပြားရဲ့အမည်ကတော့ Microgynon ဖြစ်လို့ ယနေခေတ်မှာ
မင်္ဂလာမဆောင်ဘဲ အတူနေစုံတွဲတွေ များပြားလာသည်နှင့်အမျှ ကိုယ်ဝန်ဆောင်တားဆေးတွေရဲ့
ဘေးထွက်ဆိုးကျိုးတွေနဲ့၊ အသက်သေဆုံးနှိုင်စေသည်အထိ အန္တရာယ်ရှိနေတယ်ဆိုတာကို သတိ
ချပ်စေချင်ပါတယ်။
MOM


0 comments:
Post a Comment