Wednesday, January 20, 2016

ရာသီကုန်တွင် မန်ယူမှနုတ်ထွက်ရန် နည်းပြဗန်ဟားလ် စဉ်းစားနေ






ဇန်နဝါရီ ၂၀၊ မန်ချက်စတာ ။            ။ မန်ယူနည်းပြဗန်ဟားလ်သည် စာချုပ်သက်တမ်းပြည့်ရန်တစ်နှစ်အလို ယခုနှစ်ဘောလုံးရာသီကုန်တွင် အသင်းမှနုတ်ထွက်ရန် စဉ်းစားနေသည် ဟု မယ်ရာသတင်းစာက ဖော်ပြခဲ့သည်။

စာချုပ်သက်တမ်းပြည့်ရန်တစ်နှစ်ကျန်နေသေးသော်လည်း များပြားလှသောဖိအားများကြောင့် အသင်းကိုစွန့်ခွာရန်စဉ်းစားနေခြင်းဖြစ်သည်ဟု ယူဆရသည်။

ဗန်ဟားလ်ကိုယ်တိုင်ကလည်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကုန်ပိုင်းက ရှစ်ပွဲဆက်နိုင်ပွဲပျောက်ပြီးနောက် ရာထူးမှအထုတ်မခံရမီ နုတ်ထွက်ရန် စဉ်းစားခဲ့ဖူးသည်ဟု သတင်းထွက်ခဲ့သေးသည်။

၎င်း၏ရာထူးနှင့်ပတ်သက်ပြီး ဖိအားပေးဝေဖန်နေမှုများကြောင့် မိသားစုနှင့်အသိုင်းအဝိုင်းကိုပါ ထိခိုက်မှုများရှိလာသည်ဟု ဗန်ဟားလ်က ပြောဆိုထားသည်။

အေဂျက်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် နယ်သာလန်နည်းပြဟောင်းသည် ယခင်ကလည်း ရာထူးအတော်များများကို စွန့်ခွာခဲ့ဖူးပြီး မန်ယူ နည်းပြရာထူးလည်း ပါဝင်လာဖွယ်ရှိနေသည်။

ဗန်ဟားလ်ထွက်ခွာရန်ဆုံးဖြတ်ခြင်းက အိုးထရက်ဖို့ဒ်သို့ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုရောက်လာရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်လာမည်လည်းဖြစ်သည်။

လက်ထောက်နည်းပြရွိုင်ယန်ဂစ်မှာ နည်းပြချုပ်ရာထူးကိုရယူနိုင်ဖွယ်မရှိချိန်တွင် မော်ရင်ဟို၏အေးဂျင့် ဂျော့မန်ဒက်ဇ်သည် မန်ယူအသင်းနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိထားသောကြောင့် မော်ရင်ဟို မန်ယူနည်းပြဖြစ်လာရန် အခြေအနေကောင်းနေခြင်းဖြစ်သည်။

မန်ယူအသင်းသည် အစဉ်အလာပြိုင်ဘက် လီဗာပူးလ်အသင်းကို ၁-၀ ဂိုးဖြင့်နိုင်ခဲ့သည့်တိုင် အမှတ်ပေးဇယားထိပ်မှ အာဆင်နယ်နှင့် ခုနစ်မှတ်ပြတ်နေပြီး မန်ယူအသင်းကိုဗန်ဟားလ် ဆက်လက် ကိုင်တွယ်ရန်သင့်မသင့်ကို သံသယဝင်ခံနေရဆဲဖြစ်သည်။

Ref; Mirror

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.