Wednesday, January 20, 2016

ဘာသာရေးအယူအရခွေးတစ်ကောင်နဲ့ မင်္ဂလာဆောင်ခဲ့ရတဲ့အသက်(၇)နှစ်အရွယ်ကောင်လေး


သဘာဝလွန်သဘောတရားတွေကို ယုံကြည်လွန်းကြပြီး အယူသည်းကြတဲ့  အိန္ဒိယအရှေ့ပိုင်းက Manik Bazar
ဆိုတဲ့ ရွာလေးမှာ နေထိုင်တဲ့ Mukesh Kerayi လို့အမည်ရတဲ့ အသက်(7)နှစ်အရွယ် ကောင်လေးတစ်ယောက်
ဟာ အနာဂတ်မှာ ကံဆိုးမှုတွေ ရှောင်ရှားနိုင်စေရန်ဆိုတဲ့ ယုံကြည်မှုကြောင့် ခွေးမတစ်ကောင်ကို သူ့ရဲ့ ပထမဆုံး
ဇနီးအဖြစ် အတင်းအကြပ် လက်ထပ်ပေးခြင်း ခံခဲ့ရပါတယ်။

သူ့မိဘတွေကလည်း ဒီလိုလုပ်ခြင်းအားဖြင့် မကောင်းတဲ့ ၀ိညဉ်တွေရဲ့ နှောက်ယှက်မှုကနေ ကင်းဝေးနိုင်တယ်လို့
ယုံကြည်နေကြပါတယ်။ သူရဲ့ မိဘတွေ၊ အဘိုးအဘွားတွေရဲ့ ပြောပြချက်အရ ဗေဒင်ဆရာက သူရဲ့ ပထမဆုံးဇနီး
ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာကြောင့် ယတြာသဘောမျိုးဖြင့် ခွေးမတစ်
ကောင်ကို မင်္ဂလာဝတ်စုံဝတ်ပေးပြီး Mukesh နဲ့ လက်ထပ်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမင်္ဂလာပွဲဟာ ပုံမှန်မင်္ဂလာပွဲတစ်ခုလိုပဲ စည်ကားခဲ့ပြီး ရွာသားတွေက သတို့သားနဲ့ သတို့သမီးတို့အတွက်
ကခုန်ခြင်း၊ အောင်ပွဲခံခြင်းများ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲပြီးတော့ ခွေးမလေးကို လမ်းပေါ်ပြန်လွှတ်ပေးလိုက်
တယ်လို့လည်း သိရပါသေးတယ်။ ဒေသခံတစ်ဦးက “’ဒီလို အစဉ်အလာ ရှေးဟောင်းယဉ်ကျေးမှုတွေကို
ကျွန်တော်တို့ လူမျိုးစုတွေက ယုံပါတယ်၊ ဒီလိုလုပ်ခြင်းအားဖြင့်လည်း ကျွန်တော်တို့ရဲ့ကလေးတွေ ဘေးရန်
ကင်းရှင်းကြမယ်၊ ပျော်ရွှင်ကြမယ်ဆိုတာကို ခံစားလို့ရပါတယ် ” ဟု ရှင်းလင်းခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာ ကျေးလက်နဲ့ အသိဥာဏ်မဖွံ့ဖြိုးသေးတဲ့ မျိုးနွယ်စုတွေကြားမှာ ပညာတတ်တွေ ပေါများဖို့
ဒီလိုသဘာဝလွန်ဖြစ်ရပ်တွေဟာ မှားယွင်းကြောင်းကို သက်သေပြဖို့ အခုချိန်ထိ ကြိုးပမ်းနေဆဲပါ။ ဘာသာရေး
နဲ့ပက်သက်တဲ့ ပညာပေးရုပ်ရှင်တွေ အများကြီးထွက်ရှိခဲ့ပေမယ့်လည်း အယူသည်းသူများကတော့ အယူသည်း
ဆဲပဲဖြစ်ပါတယ်။

MOM

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.