Wednesday, January 20, 2016

မြောက်ကိုရီးယားမှ သိပံ္ပပညာရှင်များက အရက်နာမကျ(ခေါင်းမကိုက်)အရက်တစ်မျိုးအားတီထွင်အောင်မြင်




မြောက်ကိုရီးယား သိပ္ပံပညာရှင်များက အရက်နာကျမှု လုံးဝမဖြစ်စေသည့် အရက်တစ်မျိုးကို တီထွင်လိုက်ကြောင်း ပြည်တွင်း မီဒီယာများ၏ အဆိုအရ သိရှိရသည်။

ပြုံယမ်းတိုင်းမ်စ် သတင်းစာက ယောက်ျားများ မှီဝဲရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ယမကာသည် အယ်လ်ကိုဟော ပါဝင်မှု ၃၀ မှ ၄၀ ရာခိုင်နှုန်းထိ ရှိသည့်တိုင် နိုးထလာချိန်များတွင် မအီမသာဖြင့် အရက်နာကျမှုမျိုး လုံးဝမဖြစ်စေကြောင်း
ဖော်ပြခဲ့သည်။

အစိုးရပိုင် သတင်းစာ၏ အဆိုအရ ယင်းအရက်ကို အင်ဆမ်ခေါ် ဂျင်ဆင်းမျိုးကွဲတစ်မျိုးနှင့် အော်ဂင်းနစ် စိုက်ပျိုးမှုနည်းပညာကို အသုံးပြုထားသည့် ဆန်စေးတို့ကို အခြေခံချက်လုပ်ထားကြောင်း သိရှိရသည်။

မြောက်ကိုရီးယားသည် ၎င်းတို့၏ ပြည်တွင်းဖြစ် တီထွင်ဆန်းသစ်မှု ထူးထူးဆန်းဆန်းများကို ဝါဒဖြန့်ကြေညာလေ့ရှိသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ ယမန်နှစ်ကလည်း အင်ဆမ် ဂျင်ဆင်းပင်မှ အခြေခံထုတ်လုပ်ထားသည့်
ဆေးဝါးတစ်မျိုးက Mers၊ Sarsနှင့် AIDS ရောဂါများကို ကုသပျောက်ကင်းစေနိုင်ကြောင်း ကွန်မြူနစ်နိုင်ငံ၏ မီဒီယာများက ဖော်ပြခဲ့ဖူးသည်။

ပြုံယမ်းတိုင်းစ်က ယခုထုတ်လုပ်လိုက်သည့် အရက်သည် ကျွမ်းကျင်သူများနှင့် ယမကာသမားများ၏ အထူးနှစ်ခြိုက်ထောက်ခံမှုကို ရရှိထားကြောင်းလည်း ဆိုသည်။ အဆိုပါအရက်ကို ဖန်တီးထုတ်လုပ်နိုင်ရန် တေဒွန်ဂေါင် အစားအသောက်နှင့် ယမကာစက်ရုံက နှစ်ပေါင်းများစွာ အချိန်ယူကြိုးစားခဲ့ကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။

အလုပ်ကိစ္စဖြင့် မြောက်ကိုရီးယားသို့ လက်တွေ့သွားရောက်ဖူးသူ ဗြိတိန်နိုင်ငံသား အန်ဒရီ အေဘရာဟာမီယန်ကမူ အင်ဆမ်ဂျင်ဆင်းဖြင့် ထုတ်လုပ်သည့်အရက်များသည် အရသာမဆိုးလှသော်လည်း အရက်နာမကျနိုင်ဆိုသည်ကိုမူ မယုံကြည်ကြောင်း ဆိုသည်။ “မြောက်ကိုရီးယားမှာ အရည်အသွေးမြင့် အရက်တချို့တကယ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွေ့အကြုံအရတော့ အရက်နာမကျတဲ့ အရက်ဆိုတာ တစ်ကမ္ဘာလုံးမှာ ပတ်ရှာလည်း တွေ့မယ်မထင်ဘူး”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။

Ref: BBC

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.