Saturday, June 4, 2016

ဖုန်းကိုခေါင်းအုံးဘေးမှာထားခြင်းရဲ့ ကြီးမားလှတဲ့အန္တာရယ်





နယူးယော့ခ်ရဲတပ်ဖွဲ့ဟာ လူတွေအနေနဲ့ ဖုန်းကို ခေါင်းအုံးအောက်မှာ ထားပြီး အိပ်တာမျိုးကို ရှောင်ကြဉ်ကြဖို့ သတိပေး
ပြောကြားခဲ့ပါတယ်။ ဖုန်းကို ခေါင်းအုံးအောက်မှာ ထားအိပ်ခြင်းက ဆဲလ်ဖုန်းတွေဟာ တစ်ခုခုနဲ့ ဖိထားတဲ့အခါမျိုးမှာ အပူ
ချိန်လွန်ကဲမှုကို ဖြစ်စေပြီး မီးလောင်မှုကို ဖြစ်စေနိုင်သလို လူ့အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။
ခေါင်းအုံးဘေးမှာ ထားအိပ်ရင်းနဲ့လည်း လူရင်းလှိမ့်ရင် ခေါင်းအုံးအောက်ကို ဝင်သွားတတ်ပါတယ်။


ဒါ့အပြင် ဖုန်းကို အိပ်ယာပေါ်မှာ၊ ခေါင်းအုန်းအောက်မှာ၊ စောင် အစရှိသော အရာတွေအောက်မှာ ထားပြီး အားသွင်းတာ
မျိုးလည်း မလုပ်သင့်ကြောင်းကို သတိပေးခဲ့ပါတယ်။ အဆိုပါ သတိပေးမှုအတွက် ရဲတပ်ဖွဲ့က ဖုန်းကိုခေါင်းအုံးအောက်
ထားပြီး ပေါက်ကွဲမှုဖြစ်ထားတဲ့ ဓာတ်ပုံလေးပုံကို ပြည်သူတွေသိအောင် ပြသခဲ့ပါတယ်။




ရဲတပ်ဖွဲ့ တာဝန်ရှိသူက NBC သတင်းဌာနနဲ့ တွေ့ဆုံရာမှာ “ဒီ ဖုန်းတွေကို ခေါင်းအုံးအောက်မှာ ထားတာတို့ တစ်ခုခုနဲ့
ဖိထားတာတို့ မလုပ်သင့်ပါဘူး … သူတို့ကို လွတ်လွတ်ကျွတ်ကျွတ်နေရာမှာ ထားရမှာပါ … ဒီဖုန်းတွေရဲ့ မာကျောတဲ့
မျက်နှာပြင်ဟာ အပူကြောင့် တစ်စဆြီ၏ဖြစ်သွားနိုင်ပါတယ် … ဘက်ထရီကလည်း ပူလာရင် အရည်ပျော်မယ်၊ တစ်ခါ
တလေ ပေါက်ကွဲမယ် … တစ်ခါတလေကျတော့လည်း မီးလောင်မှုတောင် ဖြစ်နိုင်ပါတယ် ” လို့ သတိပေးပြောကြားခဲ့
ပါတယ်။
ကျွန်တော်တို့  www.shwemom.com စာဖတ်ပရိတ်သတ်ကြီးလည်း အထူးသတိရှိကြပါနော်။
Source:dailymail

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.